လာမယ့္  ပဲစိုက္ရာသီမွာ မတ္ပဲေလွ်ာ့ခ်စိုက္ပ်ိဳးၾကဖို အစိုးရအဖြဲ႔ညႊန္ၾကား

0
411

လာမယ့္  ပဲစိုက္ရာသီမွာ မတ္ပဲေလွ်ာ့ခ်စိုက္ပ်ိဳးၾကဖို အစိုးရအဖြဲ႔က ညႊန္ၾကား လိုက္ပါတယ္။

စက္တင္ ဘာလ ၃၀ ရက္ေန႔က ေနျပည္ေတာ္မွာ ပဲစိုက္ပ်ိဳး ထြက္ရွိတဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက အစိုးရအဖြဲ႔ေတြနဲ႔ ေတြ႔ဆံုစဥ္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာၾကားလိုက္တာပါ။

အဲ့ဒီလိုေျပာၾကားရာမွာေတာ့ ပဲစိုက္ေတာင္သူေတြအေနနဲ႔ မတ္ပဲအစား အျခားေစ်းကြက္ဝင္သီးႏွံေတြ ေျပာင္းလဲစိုက္ပ်ိဳးဖို႔ကိုလည္း တိုက္တြန္းေျပာၾကားထားတာပါ။

ဒါအျပင္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ဂ်ပန္ႏိုင္ငံကို တင္ပို႔မယ့္ ပဲေတြမွာ ပိုးသတ္ေဆးဓာတ္ၾကြင္း သတ္မွတ္ခ်က္ထက္ ပိုမိုပါဝင္ေနတဲ့အတြက္ ပဲေတြမွာ ပိုးသတ္ေဆးဓာတ္ၾကြင္း ေလွ်ာ့ခ်ႏိုင္ေရး ပညာေပးလုပ္ငန္းေတြကို ေဆာင္ရြက္ၾကဖို႔ကိုလည္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လာမယ့် ပဲစိုက်ရာသီမှာ မတ်ပဲလျှော့ချစိုက်ပျိုးကြဖို အစိုးရအဖွဲ့က ညွှန်ကြား လိုက်ပါတယ်။

စက်တင် ဘာလ ၃၀ ရက်နေ့က နေပြည်တော်မှာ ပဲစိုက်ပျိုး ထွက်ရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံစဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ ပဲစိုက်တောင်သူတွေအနေနဲ့ မတ်ပဲအစား အခြားဈေးကွက်ဝင်သီးနှံတွေ ပြောင်းလဲစိုက်ပျိုးဖို့ကိုလည်း တိုက်တွန်းပြောကြားထားတာပါ။

ဒါအပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံကို တင်ပို့မယ့် ပဲတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ချက်ထက် ပိုမိုပါဝင်နေတဲ့အတွက် ပဲတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်း လျှော့ချနိုင်ရေး ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)