ဘင်္ဂလီအရေးမှာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နေကြသူတွေကို အားပေး ဂုဏ်ပြုကြောင်း ဦးရွှေမန်းဆို

0
286

 

ရခိုင်-ဘင်္ဂလီအရေးမှာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နေကြသူတွေကို အားပေး ဂုဏ်ပြုကြောင်း တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာက တဆင့် သူရဦးရွှေမန်းက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ရခိုင်ပြည်နယ်က ဘင်္ဂလီအရေးကို ဘယ်သူက စတင်ဖန်တီးလုပ်ဆောင်စေကာမူ မြန်မာနိုင်ငံအနေနဲ့ တရားနည်းလမ်းကျစွာ ဖြေရှင်းနေကြောင်း ရေးသားထားတာပါ။

ဒါအပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းကာကွယ်နေကြသူတွေ၊ အကြမ်းဖက်မှုကို ဆန့်ကျင် တိုက်ခိုက်နေ ကြသူတွေကို လည်း အားပေး ဂုဏ်ပြုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)