ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲကို ရန်ကုန်မြို့မှာ လုပ်မယ်

0
340

ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ် Global March for Elephants and Rhinos   လမ်းလျှောက်ပွဲကို ရန်ကုန်မြို့မှာ လာမယ့် အောက်တိုဘာလ (၃) ရက် စနေနေ့မှာ ကျင်းပ ဖို့ရှိနေပါတယ်။  

ရန်ကုန်မြို့၊ ကန်တော်ကြီးရှိ မျှော်စင်ကျွန်းမှာ မနက် (၈) နာရီကနေ (၁၁) နာရီအထိ ကျင်းပဖို့ရှိနေတာဖြစ်ပြီး တိရစ္ဆာန်ချစ်သူ ဘယ်သူမဆို ပါဝင်ဆင်နွှဲကြဖို့ကိုလည်း ဖိတ်ခေါ် ထားတာပါ။။

kan daw gyi

ကမ္ဘာနဲ့အ၀ှမ်းက မြို့ကြီးတွေမှာလည်း Global March for Elephants and Rhinos   လမ်းလျှောက်ပွဲကိုကျင်းပဖို့ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ကျင်းပပြုလုပ်လာတာ ဖြစ်ပါတယ်။

ကမ္ဘာနဲ့အ၀ှမ်းမှာတော့ နှစ်စဉ် ဆင်အကောင်ရေ ၃၅၀၀၀ လောက် သတ်ဖြတ်ခံနေရ တာဖြစ်ပြီး မျိုးတုံးမယ့်အန္တရယ်ကို ရင်ဆိုင်နေရတဲ့အတွက် ကမ္ဘာနဲ့အ၀ှမ်းမှာ ဒီလှုပ်ရှားမှုတွေကို အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)