မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ပံ့ပိုး ကူညီပေးဖို့ ကမ္ဘာနိုင်ငံအသီးသီးကို မြန်မာအစိုးရက တိုက်တွန်း

0
306

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် အပြုသဘောနဲ့ ဆက်လက်ပံ့ပိုး ကူညီပေးဖို့ ကမ္ဘာနိုင်ငံအသီးသီးကို မြန်မာအစိုးရက တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စက်တင်ဘာလ ၃၀ ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ကြီးမှူးကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ မိတ်ဖက်များအဖွဲ့ အစည်းအဝေးမှာ အဲ့လို ပြောကြားလိုက်တာပါ။

Myanmar's Foreign Minister Wunna Maung Lwin looks on before the start of the Association of Southeast Asian Nations (ASEAN) - Russia Ministerial Meeting at the 46th ASEAN Foreign Ministers Meeting in Bandar Seri Begawan July 1, 2013. REUTERS/Ahim Rani/Files
Myanmar’s Foreign Minister Wunna Maung Lwin looks on before the start of the Association of Southeast Asian Nations (ASEAN) – Russia Ministerial Meeting at the 46th ASEAN Foreign Ministers Meeting in Bandar Seri Begawan July 1, 2013. REUTERS/Ahim Rani/Files

ဒီလိုပြောကြားတဲ့နေရာမှာတော့ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်မျှတ တဲ့ အထွေထွေရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်နေမှုတွေ၊ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်မှုတွေ၊ လှေစီးသွားလာသူများ ကိစ္စအပေါ် မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို ထည့်သွင်းပြောကြားခဲ့ တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)