ရခိုင်အရေးအတွက် မြန်မာအစိုးရရဲ့ကိုင်တွယ်ဖြေရှင်းပုံကို လေးစားမှုရှိတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော

0
311

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ဘင်္ဂါလီအကြမ်းဖက်တွေအပေါ် မြန်မာအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို ထိုင်းနိုင်ငံက လေးစားပြီး ရခိုင်ပြည်နယ် ဖွံဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဟာ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေဆုံချိန်မှာ အခုလိုမျိုးပြောခဲ့တာဖြစ်တယ်လို့ ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အာသီဆစ် ချိုင်ယူနာဝက်ကပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဖွံဖြိုးရေး၊ လုံခြုံရေးနဲ့ လူအခွင်ရေးဆိုင်ရာပြသာနာတွေကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဒေသ တစ်လျှောက်လုံခြုံရေး၊ ငြိမ်းချမ်းရေး တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဆင်သင့်ရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)