NLD နာယက ဦးတင်ဦး ဆေးရုံးမှ ဆင်းပြီ

0
339

ရန်ကုန်ဆေးရုံးကြီး အထူးကြပ်မတ် ကုသဆောင်မှာ ၃ လကျော် ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦး ကျန်းမာရေး အခြေအနေ ကောင်းမွန်လာတာကြောင့် မနေ့က သြဂုတ် ၃၁ ရက်နေ့မှာ ဆေးရုံက ဆင်းနိုင်ပြီ ဖြစ်ပါတယ်။

အသက် ၉၂ နှစ်အရွယ် ဦးတင်ဦးဟာ မေလ ၁၇ ရက်နေ့က ရွှေတောင်ကြားရှိ နေအိမ် ရေချိုးခန်းမှာ ချော်လဲရာက ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ဝေဒနာ ခံစားခဲ့ရတာ ဖြစ်ပါတယ်။

နေအိမ်မှာ ကျန်းမာရေး အထောက်အကူပြု လေ့ကျင့်ခန်းတွေကို ဆက်ပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)