သြဂုတ် ၂၅ ရက်မှ ၃၀ ရက်အထိ ARSA အကြမ်းဖက်သမားများနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ တိုက်ခိုက်မှု အကြိမ် ၉၀ ဖြစ်ခဲ့

0
300

ARSA အစွန်းရောက် အကြမ်းဖက်သမားများရဲ့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကြောင့် သြဂုတ် ၂၅ ရက်မှ ၃၀ ရက်အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ ထိတွေ့တိုက်ပွဲ ၉၀ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း တပ်မတော်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး နဲ့ နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦးတို့ အသက်စွန့်လွှတ်ခဲ့ရပြီး စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်သည် ၁ ဦး ပျောက်ဆုံး နေပါတယ်။

ဒါအပြင် တပ်မတော်မှ လက်နက်ငယ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၄၀ တောင့်နှင့် ဆက်စပ်ပစ္စည်းများ၊ ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၄၂၅ တောင့်၊ ဗုံးသီးမျိုးစုံ ၁၁ လုံး၊ ဆက်သွယ်ရေး စက် ၁ လုံးတို့ ဆုံးရှုံးခဲ့ရပြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ၇ စီး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)