အစိုးရဘဏ်ခွဲတွေ အရှုံးခံ ဖွင့်နေရ

0
283

အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲတချို့ကို ဒေသလိုအပ်ချက်အရ အရှုံးခံဖွင့်ထားရတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။

သြဂုတ် ၃၁ရက် အမျိုးသားလွှတ်တော်အတွင်း ဒုဝန်ကြီးက ပြောခဲ့တာဖြစ်ပြီး ဘဏ်ခွဲအဆောက်အဦအတွက် မြေနေရာ၊ငွေတိုက်ခန်း၊ငွေယူငွေပို့တဲ့ မော်တော်ကားနဲ့ ဘဏ်ဝန်ထမ်း ၁၅ဦးကနေ ၂၀ခန့်အထိခန့်ထား လုပ်ဆောင်ရတာမို့ ကုန်ကျစရိတ်နဲ့ ဘဏ်က၀န်ဆောင်မှုကနေ ပြန်ရမယ့် ငွေကို တွက်ချက်လုပ်ဆောင်ရတယ် လို့လည်း ပြောပါတယ်။

တနိုင်ငံလုံးမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲပေါင်း ၃၃၅ ခု ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)