ရခိုင်က ၀န်ထမ်းတွေ စိတ်အားငယ်ဖို့ မလိုဟုဆို

0
269

ရခိုင်ပြည်နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းတွေအနေနဲ့ စိတ်အားငယ်ဖို့ မလိုဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့က မောင်တောမြို့မှာ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို သွားရောက် ကြည့်ရှုစဉ် ၀န်ထမ်းတွေကို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ လုံခြုံရေးအတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက် ပေးထားတယ်လို့လည်း ပြောကြားထားတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)