ဘုရားသုံးဆူဂိတ် ပြန်ဖွင့်ပေးဖို့ ထိုင်း တောင်းဆို

0
283

မြန်မာ-ထိုင်း နယ်စပ်၊ဘုရားသုံးဆူဂိတ်ကို တရားဝင်ဖွင့်ပေးဖို့ သြဂုတ် ၃၀ရက် နှစ်နိုင်ငံနယ်ခြားကော်မတီ အစည်းအဝေးမှာ ထိုင်းဘက်က တောင်းဆိုခဲ့တယ်လို့ ဘုရားသုံးဆူမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ကို ကိုးကားပြီး ကေအိုင်စီသတင်းမှာ ဖော်ပြပါတယ်။

ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်က “သူတို့ဘက်က မူးယစ်ဆေးဝါးကိစ္စမှာ နှစ်နိုင်ငံရဲတပ်ဖွဲ့တွေ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ ပြောတယ်။ တရားမဝင်နယ်စပ်ဖြစ်တဲ့အတွက် ကား၊ ဆိုင်ကယ်ဝယ်ရောင်းတဲ့ကိစ္စ လက်မခံဖို့ရယ်၊ အားကစားနှင့် လူမှုရေးရာ ကိစ္စတွေမှာ ယခင်ကထက် တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ နယ်စပ်လမ်း တရားဝင်ဖွင့်လှစ်ပေးဖို့ တောင်းဆိုတယ်” လို့ ပြောပါတယ်။

ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ၂ဝဝ၇ ခုနှစ်ကတည်းက မြန်မာဘက်က တရားဝင်ကုန်သွယ်မှု ပိတ်ထားခဲ့ပြီး နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်တိုင်းတာမှုများ လုပ်ဆောင်ပြီးမှပဲ တရားဝင်ပြန်ဖွင့်ပေးမယ်လို့ ပြောဆိုထားပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)