အကြမ်းဖက်သမားတွေကို သူတို့နည်းလမ်းအတိုင်း တုံ့ပြန်ရမယ်

0
291

အကြမ်းဖက်သမားတွေကို သူတို့နည်းလမ်းအတိုင်း ပြန်လည်တုံ့ပြန်ဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားစဉ် NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက အဲ့ဒီလိုပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာ တော့ ရခိုင်ပြည်နယ်က ပြဿနာကို ခွဲခြားပြီးဖြေရှင်းဖို့ လိုအပ်နေပြီး အကြမ်းဖက်သမားတွေကို သူတို့ရဲ့ နည်းလမ်းအတိုင်း ပြန်လည်တုံ့ပြန်ဖို့ လိုအပ်နေတာလို့ ဆိုတာပါ။

ဒါအပြင် အကြမ်းမဖက်တဲ့ ရောက်ရှိ နေပြီးသား မွတ်စလင်တွေကိုတော့ လူ့အခွင့်အရေးနဲ့အညီ အကာအကွယ်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောကြားထားတာ ဖြစ်ပါတယ်။ (တင်ပြီး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)