ရိုဟင်ဂျာ အသုံးအနှုန်း အချုပ်အခြာအာဏာကို ထိပါးဟု NLD ပါတီပြောပြီ

0
383

ရိုဟင်ဂျာ အသုံးအနှုန်းဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးတဲ့ အသုံးအနှုန်း ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်း ချက်ကို သြဂုတ်လ ၃၁ ရက်နေ့က ဖြေကြားစဉ် NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက အဲ့ဒီလိုပြောကြား လိုက်တာပါ။

ဒါအပြင် တိုင်းပြည်မှာ အတည်ပြု ပြဌာန်းထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို လက်မခံတာဟာလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်ဆော်ကားနေတာ ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)