
0
222




မြစ်ရေကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်း ၆၇ ကျောင်း ပြန်ဖွင့်လှစ်


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်မှာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်း ၆၇ ကျောင်းလုံး ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။


မြစ်ရေဝင်ရောက်မှုကြောင့် အထက်တန်းကျောင်း ၃ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၉ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ၇ ကျောင်း၊ မူလတန်းကျောင်း ၂၇ ကျောင်း၊ မူလတန်း (လွန်) ကျောင်း ၁၆ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၁ ကျောင်းတို့ကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်လိုက်တာပါ။


မြစ်ရေကြီးမှုကြေငာင့် ကျောင်းပိတ်ထားခဲ့ရတဲ့ ရက်တွေအစား ကျောင်းပိတ်ရက်တွေမှာ အစားထိုး ဖွင့်လှစ် သင်ကြားသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)