၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) တနင်္ဂနွေနေ့မှာ ကျင်းပမယ်

0
532

လွှတ်တော်အသီးသီးအတွက် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာလ (၈) တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်မယ့်အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၁) ရက် ရွေးကောက်ပွဲကျင်းပဖို့ (၃) လ ကျော်အလိုမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၉ (က) နဲ့အတူ ကော်မရှင်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ပါ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နဲ့ နည်းဥပဒေ ၁၆ (က) တို့အရ သတ်မှတ်လိုက်တာပါ။

ဒီလို ရွေးကောက်ပွဲရက် ကြေညာလိုက်တာနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်း၊ ရုပ်သိမ်း၊ စိစစ်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း နေ့ရက်တွေကို သတ်မှတ်ကြေညာထားပါတယ်။

အလားတူ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ၊ စုဝေးဟောပြောမှုတွေနဲ့ မဲဆွယ်စည်းရုံးခွင့်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆောင်ရွက်ခွင့်ရှိကြောင်း ကော်မရှင်က အသိပေးချက် ထုတ်ပြန်ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)