
0
114




ယာဉ်မတော်တဆမှုကြောင့် အမြန်လမ်းမှာ ၆ လအတွင်း လူ ၅၀ သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုကြောင့် ၆ လအတွင်း လူ ၅၀ သေဆုံးခဲ့တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလကနေ ဇွန်လအထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုပေါင်း ၂၅၈ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၀ အထိရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်သေဆုံးသူ ၁၀ဝ ကျော်ရှိပြီး ၂၀၁၈ အတွင်းဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှု ၄၇၃ မှုမှာ သေဆုံးသူ ၁၀၃ ဦး နဲ့ ဒဏ်ရာရသူ ၈၇၇ ဦး ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)