ရွစ္ေတာင္ႀကီးေက်းရြာအနီး ပင္လယ္ကမ္းစပ္မွာ ICE မူးယစ္ေဆးေတြ သိမ္းဆည္းရမိ

0
144

တနသၤာရီတုိင္းေဒသႀကီး၊ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ရွစ္ေတာင္ႀကီး ေက်းရြာအနီး ပင္လယ္ကမ္းစမ္မွာ ICE မူးစယစ္ေဆးထုပ္ေတြ ေတြ႔ရွိခဲ့ပါတယ္။

ကညင္ေခ်ာင္းေက်းရြာေန ဦးပလာခုိးဟာ ဇြန္လ ၂၄ ရက္ေန႔က ပဲဒက္ေက်းရြာအုပ္စု၊ ရွစ္ေတာင္ႀကီး ေက်းရြာရဲ႕ အေနာက္ဘက္ သုည ဒသမ ၆ မုိင္ခန္႔အကြာရွိ ပင္လယ္ကမ္းစပ္မွာ ျပန္႔က်ဲေနတဲ့ မသကၤာဖြယ္ အထုပ္ ၁၇ ထုပ္ ေတြ႔ရွိခဲ့တာေၾကာင့္ ရာအိမ္မွဴးကေန တစ္ဆင့္ ဇြန္လ ၂၅ ရက္ေန႔မွာ ဝင္းဝနယ္ေျမ ရဲစခန္းကုိ လႊဲေျပာင္းအပ္ႏွံခဲ့ပါတယ္။

အဲဒီ မသကၤာဖြယ္ အထုပ္ေတြကုိ လံုၿခံဳေရး တပ္ဖြဲ႔ဝင္ေတြက စစ္ေဆးရာ အဲဒီ အထုပ္ေတြအတြင္းက ICE မူးယစ္ေဆးဝါး ၂၁ ကီလုိဂရမ္ (ခန္႔မွန္း တန္ဖုိးေငြက်ပ္ သိန္း ၂၆ဝဝ ေက်ာ္ဖိုး) ကုိ ေတြရွိၿပီး သိမ္းဆည္းရမိခဲ့တာ ျဖစ္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

ရှစ်တောင်ကြီးကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ ICE မူးယစ်ဆေးတွေ သိမ်းဆည်းရမိ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရှစ်တောင်ကြီး ကျေးရွာအနီး ပင်လယ်ကမ်းစမ်မှာ ICE မူးစယစ်ဆေးထုပ်တွေ တွေ့ရှိခဲ့ပါတယ်။

ကညင်ချောင်းကျေးရွာနေ ဦးပလာခိုးဟာ ဇွန်လ ၂၄ ရက်နေ့က ပဲဒက်ကျေးရွာအုပ်စု၊ ရှစ်တောင်ကြီး ကျေးရွာရဲ့ အနောက်ဘက် သုည ဒသမ ၆ မိုင်ခန့်အကွာရှိ ပင်လယ်ကမ်းစပ်မှာ ပြန့်ကျဲနေတဲ့ မသင်္ကာဖွယ် အထုပ် ၁၇ ထုပ် တွေ့ရှိခဲ့တာကြောင့် ရာအိမ်မှူးကနေ တစ်ဆင့် ဇွန်လ ၂၅ ရက်နေ့မှာ ဝင်းဝနယ်မြေ ရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့ပါတယ်။

အဲဒီ မသင်္ကာဖွယ် အထုပ်တွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စစ်ဆေးရာ အဲဒီ အထုပ်တွေအတွင်းက ICE မူးယစ်ဆေးဝါး ၂၁ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၂၆ဝဝ ကျော်ဖိုး) ကို တွေရှိပြီး သိမ်းဆည်းရမိခဲ့တာ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)