မူးယစ်တရားခံပြေးထံကနေ ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိ

0
830

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာမှာရှိတဲ့ မူယစ်ကွင်းဆက် တရားခံပြေးဆီကနေ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်က မောင်တောမြို့နယ်၊ ဝေသာလီ ကျေးရွာရှိ အငူမော်လမ်းမဘေး၊ ကားဝပ်ရှော့အနီးမှာ မြင့်စိုး (၃၁ နှစ်) နဲ့အတူ ဟီးနိုး အမျိုးအစား မော်တော်ယာဉ်ပေါ်ကနေ စိတ်ကြွ ရူးသွပ်ဆေးပြား ၈,၇၇၅,၀၀၀ ပြား ဖမ်းဆီးရမိခဲ့လို့ ပြင်ဖြူ နယ်မြေရဲစခန်းမှာ မယ(ပ) ၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အရေးယူထားရှိပြီး ဖြစ်တယ်လို့ ကနဦး သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ကွင်းဆက်တရားခံပြေး နော်ဘီမုလ်ဂျူဟာရ် (ခ) ဇော်ဝင်းကို စုံစမ်းဖော်ထုတ် အတည်ပြုချက်အရ မောင်တောမြို့နယ်၊ မြို့မကညင်တန်း (အလယ်) ကျေးရွာရှိ ဂျူဟာရ်ဟူဆိန်းရဲ့ နေအိမ်ကို မေလ ၃၀ ရက်နေ့မှာ ရှာဖွေခဲ့ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မောင်တောမြို့နယ်၊ မြို့မကညင်တန်း (အလယ်) ကျေးရွာနေ ဂျူဟာရ်ဟူဆိန်း (၆၅ နှစ်) နဲ့ သမီးဖြစ်သူ မရေခါယာဒ် ဖာတေမာ (၂၅ နှစ်) တို့ နှစ်ဦးနဲ့အတူ နေအိမ် မီးဖိုချောင်ရှိ မြေအောက်ခန်းအတွင်းက တန်ဖိုးငွေကျပ် ၁၄၁,၈၁၄ သိန်း တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ နအေိမတြှငြးကနေ တရားပှေးရဲ့ ဖခငဖြှဈသူ ဂွူဟာရဟြူဆိနြးနဲ့ တရားခံပှေးရဲ့ ဇနီးဖှဈသူ မရခေါယာဒြ ဖာတမောတို့ နှဈဦးကို မောငတြောမှို့မရဲစခနြးက မယ(ပ)၂၂/၂၀၂၀၊ မူး/စိတပြုဒမြ ၁၉(က) /၂၁ နဲ့ အမှုဖှင့ြ စဈဆေးနပေါတယြ။

_____________________

_____________________

မူးယဈတရားခံပွေးထံကနေ ငှကေပြျ ၁၄ ဘီလီယံကြောျ တနျဖိုးရှိ စိတျကွှ ရူးသှပျဆေးပွားတှေ ဖမျးဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာမှာရှိတဲ့ မူယစ်ကွင်းဆက် တရားခံပြေးဆီကနေ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်က မောင်တောမြို့နယ်၊ ဝေသာလီ ကျေးရွာရှိ အငူမော်လမ်းမဘေး၊ ကားဝပ်ရှော့အနီးမှာ မြင့်စိုး (၃၁ နှစ်) နဲ့အတူ ဟီးနိုး အမျိုးအစား မော်တော်ယာဉ်ပေါ်ကနေ စိတ်ကြွ ရူးသွပ်ဆေးပြား ၈,၇၇၅,၀၀၀ ပြား ဖမ်းဆီးရမိခဲ့လို့ ပြင်ဖြူ နယ်မြေရဲစခန်းမှာ မယ(ပ) ၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အရေးယူထားရှိပြီး ဖြစ်တယ်လို့ ကနဦး သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ကွင်းဆက်တရားခံပြေး နော်ဘီမုလ်ဂျူဟာရ် (ခ) ဇော်ဝင်းကို စုံစမ်းဖော်ထုတ် အတည်ပြုချက်အရ မောင်တောမြို့နယ်၊ မြို့မကညင်တန်း (အလယ်) ကျေးရွာရှိ ဂျူဟာရ်ဟူဆိန်းရဲ့ နေအိမ်ကို မေလ ၃၀ ရက်နေ့မှာ ရှာဖွေခဲ့ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မောင်တောမြို့နယ်၊ မြို့မကညင်တန်း (အလယ်) ကျေးရွာနေ ဂျူဟာရ်ဟူဆိန်း (၆၅ နှစ်) နဲ့ သမီးဖြစ်သူ မရေခါယာဒ် ဖာတေမာ (၂၅ နှစ်) တို့ နှစ်ဦးနဲ့အတူ နေအိမ် မီးဖိုချောင်ရှိ မြေအောက်ခန်းအတွင်းက တန်ဖိုးငွေကျပ် ၁၄၁,၈၁၄ သိန်း တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ နေအိမ်တွင်းကနေ တရားပြေးရဲ့ ဖခင်ဖြစ်သူ ဂျူဟာရ်ဟူဆိန်းနဲ့ တရားခံပြေးရဲ့ ဇနီးဖြစ်သူ မရေခါယာဒ် ဖာတေမာတို့ နှစ်ဦးကို မောင်တောမြို့မရဲစခန်းက မယ(ပ)၂၂/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က) /၂၁ နဲ့  အမှုဖွင့် စစ်ဆေးနေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)