ဇွန်လ ၈ရက်နေ့မှာ တစ်ကိုယ်တော် အယ်လ်ဘမ် ဖြန့်ချိမဲ့ G- Dragon

0
335

Bigbang အဖွဲ့ဆိုတာ တောင်ကိုရီးယား ပေါ့ပ်ဂီတလောက မှာသာမက အာရှဒေသတွင်းနဲ့ အမေရိက ပေါ့ပ်ဈေးကွက်အထိ ထိုးဖောက်နေရာယူနိုင်တဲ့ ပေါ့ပ်ဂီတအဖွဲ့ပါ။

Bigbang အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ တေးရေး၊ တေးဆို G- Dragon ဟာ မကြာခင်မှာ သူ့ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ် အသစ်ကို ဖြန့်ချိတော့မှာပါ။

G- Dragon ဟာ Bigbang အဖွဲ့နဲ့အတူ ၂၀၀၆ ခုနှစ်က ဂီတလောကို ရောက်ရှိခဲ့ကာ YG Entertainment ရဲ့ စင်တင်ပေးမှုနဲ့ ဂီတလောကထဲ ၀င်ရောက်ခဲ့သူပါ။ သူဟာ Bigbang အဖွဲ့ အတွက်သာမက YG Entertainment က စင်တင်တဲ့ အခြားသော ဂီတအဖွဲ့များအတွက်လည်း သီချင်းရေးပေးပါတယ်။

နာမည်အရင်း ဂေါင်ဂျီယောင်း ဖြစ်တဲ့ G- Dragon အဖြစ်နဲ့ နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲဖြစ်တဲ့ ပေါ့ပ်အဆိုတော်ဟာ ၂၀၀၉ ခုနှစ်က Heartbreaker အမည်ရတဲ့ သီချင်းကို တစ်ကိုယ်တော် သီဆိုခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်က One of a Kind အယ်လ်ဘမ်၊ ၂၀၁၃ ခုနှစ်က Coup d’etat  အယ်လ်ဘမ်များကို တစ်ကိုယ်တော် ထုတ်ဝေခဲ့ပါတယ်။ ယခု အယ်လ်ဘမ်ဟာ သူရဲ့ တတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်ကာ ၄ နှစ်ကြာ ပြင်ဆင်ခဲ့တဲ့ အယ်လ်ဘမ်လို့ သိရပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ အယ်လ်ဘမ်အသစ် ထွက်မယ်လို့ သူ့ရဲ့ အနုပညာအေဂျင်စီက ကြေညာထားပေမယ့် ဒီအယ်လ်ဘမ်နဲ့ ပတ်သက်လို့ ဘယ်လို သတင်းအချက်အလက်ကိုမှ ကြေညာထားခြင်းမရှိပါဘူး။ အယ်လ်ဘမ်ရဲ့ နာမည်ကိုပါ ကြိုတင်ကြေငြာထားတာ မရှိတဲ့အတွက် G- Dragon ရဲ့ ပရိသတ်များက ပိုလို့ စိတ်ဝင်စားနေကြခြင်းပါ။ ဒီအယ်လ်ဘမ်အတွက် ပရိုမိုးရှင်းကိုတော့ မြို့ကြီး ၁၉ မြို့သို့ သွားရောက်မယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)