သာကေတမှာ လင်မယားနှစ်ဦး အသတ်ခံရ

0
348

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ အိန္ဒိယ နိုင်ငံသားနဲ့ မြန်မာ ဇနီးသည်တို့ အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

သာကေတမြို့နယ်၊ ရှုခင်းသာ မြို့ပတ်လမ်း၊ အိမ်အမှတ် ၈ မှာ နေထိုင်တဲ့သူတွေကတော့ မစ္စတာ ဗစ်တာ ရတ်ဂ်ျ (Vistor Raj) နဲ့ ဇနီးဖြစ်သူ မခင်စပယ်နှင်းအောင် တို့ ဖြစ်ကြပါတယ်။

နေအိမ်မှာ အလုပ်လုပ်ကိုင်ဖို့ ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ အိမ်အကူ မိန်းကလေး လာရောက်ချိန်မှာ သူတို့ လင်မယား အသတ်ခံထားရတာကို တွေ့ရှိပြီး သက်ဆိုင်ရာကို အကြောင်းခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရရှိမှုနဲ့ ဖြစ်စဉ် အသေးစိတ်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိပါဘူး။

လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာတော့ သူတို့ မိတ်ဆွေတွေက ဝမ်းနည်းကြောင်း ရေးသားဖော်ပြနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)