မိုးရာသီမှာ ဟိုတယ်တွေ တည်းခိုခ ဈေးလျှော့ပေးမယ်

0
381

မိုးရာသီမှာ ခရီးသည် ဝင်ရောက်မှု မြင့်တက်လာစေဖို့ Green Season အစီအစဉ် အရ နိုင်ငံတဝန်းက ဟိုတယ်တွေ တည်းခိုခ ၅၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးမှာ ဖြစ်ပါတယ်။

ဇွန်လက စတင်ပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စတဲ့ ဟိုတယ်တွေမှာ ဈေးလျှော့ပေးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းကို ကိုးကားပြီး မြဝတီသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ဟိုတယ်တွေရဲ့ လက်ရှိ တည်းခိုခ နှုန်းထားတွေနဲ့ Green Season ကာလ လျှော့ချပေးမယ့် နှုန်းထားတွေကို တောင်းခံကာ သတင်းထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)