ပထမဆုံးအကြိမ် အမေရိကန်-မြန်မာ ကုန်စည်ပြပွဲကြီး ကျင်းပမယ်

0
327

ပထမဆုံးအကြိမ် အမေရိကန်- မြန်မာ ကုန်စည်ပြပွဲကြီးကို ဇွန်လ ၂ ရက်နေ့ကနေ ဇွန် ၄ ရက်နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။

အမေရိကန်- မြန်မာ ကုန်စည်ပြပွဲကြီးကို Myanmar Promotional Services ကုမ္ပဏီလီမိတက်က စီစဉ်ပြီး အဓိက ပံ့ပိုးသူအဖြစ် Ford ကားကုမ္ပဏီ (Capital Automotive Co.,Ltd)၊ Gandamar Office Solutions နဲ့ All Nippons Airway (NAN) တို့က ပါဝင်ထားပါတယ်။

အမေရိကန် ထုတ်ကုန်ပစ္စည်းတွေနဲ့ မြန်မာထုတ်ကုန် ပစ္စည်းတွေကို အထူးဈေးနှုန်းနဲ့ ပြသရောင်းချမှာ ဖြစ်ပြီး ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်။ ပြပွဲလာရောက်သူများအတွက် ဖျော်ဖြေရေး အစီအစဉ်တွေလည်း တင်ဆက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)