တရုတ် စစ်ဦးစီးချုပ် General Fang Fenghui မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိ

0
268

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိ နေပါတယ်။

General Fang Fenghui ဟာ မနေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို  ရောက်ရှိလာတာ ဖြစ်ပြီး မြန်မာ့တပ်မတော် အရာရှိကြီးများနဲ့ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့က ကြိုဆိုပါတယ်။

ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာတော့ နေပြည်တော်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုကာ ဆွေးနွေးပွဲ ကျင်းပပါတယ်။

အဲဒီနောက် ဆွေးနွေးပွဲမှာ မြန်မာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး၊ NCA အခြေအနေ၊ နှစ်နိုင်ငံ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေ ဆွေးနွေးကြတယ်လို့ မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)