ကျောင်းသူ နှစ်ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာ ထောင် အနှစ် ၄၀ ကျ

0
321

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာမှာ အဋ္ဌမတန်း ကျောင်းသူ နှစ်ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖျာပုံခရိုင်တရားရုံးက မနေ့က မေလ ၃၁ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်လိုက်ပါတယ်။

အသက် ၃၆ နှစ်အရွယ် သမိုင်းဘာသာရပ်သင် ကျောင်းဆရာ ရန်နိုင်က အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် ကျောင်းသူနှစ်ဦးကို မနှစ်က အဓမ္မပြုကျင့်ခဲ့မှုနဲ့ စက်တင်ဘာလမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသူ နှစ်ဦးရဲ့ အုပ်ထိန်းသူတွေက တစ်မှုစီ တိုင်ကြားခဲ့ကြပြီး တစ်မှုကို ထောင်ဒဏ်အနှစ် ၂၀ နဲ့ နှစ်မှုပေါင်း အနှစ် ၄၀ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)