Dentons ဥပဒေရုံး ရန်ကုန်မှာ ဖွင့်လှစ်

0
292

ကမ္ဘာ့အကြီးဆုံး ဥပဒေလုပ်ငန်း တစ်ခုဖြစ်တဲ့ ဒင်တန်စ် (Dentons) ဟာ အရှေ့တောင်အာရှမှာ လုပ်ငန်း တိုးချဲ့တဲ့ အနေနဲ့ ရုံးခွဲသစ်တစ်ခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

မာ့ခ် လစ်ဗင်စတန် (Mark Livingston) ဦးဆောင်တဲ့ ရှေ့နေ ၅ ဦးပါ အဖွဲ့နဲ့ ဒင်တန်စ် မြန်မာ လီမိတက်အဖြစ် ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ မနေ့က မေလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စင်ကာပူမှာ အခြေစိုက်ထားတဲ့ စီးပွားရေးဆိုင်ရာ ဥပဒေ ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Dentons Rodyk နဲ့ မြန်မာရုံးခွဲသစ်တို့ အနီးကပ် ပူးပေါင်း အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ စိတ်လှုပ်ရှားစရာ ဒေသတစ်ခုဖြစ်ပြီး အရေးပါတဲ့ ဖွံ့ဖြိုးဆဲ ဈေးကွက်ဖြစ်တယ်၊ ကြီးထွားလာနေတဲ့ ဘယ်စီးပွားရေးမှာ မဆို အောင်မြင်စွာ လည်ပတ်ဖို့အတွက် ယုံကြည်ရပြီး အဆင့်မြင့်တဲ့ ထောက်ပံ့ပေးမှု လိုတယ်လို့ ဒင်တန်စ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဥက္ကဋ္ဌ ဂျိုး အင်ဒရူးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)