ကလေးဘဝ ကာကွယ်နိုင်မှု ၁၇၂ နိုင်ငံမှာ မြန်မာက အဆင့် ၁၁၂ ရှိ

0
302

ကလေးသူငယ် ဘဝကို ကာကွယ်နိုင်မှု အရ အဆင့် ၁ (အကောင်းဆုံး) ကနေ အဆင့် ၁၇၂ (အဆိုးဆုံး) အဖြစ် သတ်မှတ်ရာမှာ နိုင်ငံ ၁၇၂ နိုင်ငံအနက် မြန်မာက အဆင့် ၁၁၂ ဖြစ်ပါတယ်။

 EPA/NYEIN CHAN NAING

Save the Children ရဲ့ Stolen Childhood အစီရင်ခံစာအရ ကမ္ဘာပေါ်က ကလေးသူငယ် ၄ ပုံ ၁ ပုံဖြစ်တဲ့ ကလေးငယ် သန်း ၇၀၀ ကျော်ကို သုတေသန ပြုချက်အရ ကာကွယ်နိုင်သော ရောဂါတွေ ဒါမှမဟုတ် မတောတဆမှုကြောင့် သေဆုံးတာ၊ အရွယ်မတိုင်မီ လက်ထပ်တာ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု ပြဿနာ၊ အကြမ်းဖျက်မှုတွေ၊ ကျောင်းမနေနိုင်တာ၊ အလုပ်လုပ်ရတာနဲ့ အာဟာရ ချို့တဲ့တာတွေဟာ ကလေးသူငယ်တွေအတွက် ကလေးဘဝကို ဆုံးရှုံးစေတဲ့ အဓိက အကြောင်းအရာတွေ ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက် အုပ်စု ၄ စုအရ မြန်မာနိုင်ငံ အနေနဲ့ တတိယအုပ်စုရဲ့ အပေါ်ဆုံးမှာ ရှိနေပြီး ကလေးမွေးဖွားမှု ၁ ထောင်မှာ သေဆုံးမှု ၅၀၊ အဟာရချို့တဲ့ပြီး ပုညှက်တဲ့ ကလေးဦးရေ ၁၉ ရာခိုင်နှုန်းကျော်နဲ့ မူလတန်း၊ အလယ်တန်း ကျောင်းထွက်မှုနှုန်း ၂၉ ရာခိုင်နှုန်းကျော် ရှိပါတယ်။

အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ မြန်မာရဲ့ အထက်မှာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ ရှိနေပြီး မြန်မာရဲ့အောက်မှာတော့ အိန္ဒိယ၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ရှိကြပါတယ်။

နော်ဝေနဲ့ ဆလိုဗေးနီးယားက ကလေးသူငယ် ကာကွယ်စောင့်ရှောက်နိုင်မှု အကောင်းဆုံးဖြစ်ပြီး နိုင်ဂျာနဲ့ အန်ဂိုလာနိုင်ငံတို့ကတော့ အနိမ့်ဆုံး အဆင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)