အသည်းရောဂါ အခမဲ့ကုသပေးမယ့် မြန်မာအသည်းဖောင်းဒေးရှင်း စတင်ဖွဲ့စည်း

0
385

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိသူတွေကို အခမဲ့ကုသပေးမယ့် မြန်မာအသည်းဖောင်းဒေးရှင်း စတင်ဖွဲ့စည်းတဲ့ အခမ်းအနားကို မနေ့က မေလ ၃၁ ရက်နေ့က အသည်းရောဂါအထူးကု ပါမောက္ခ ဒေါက်တာ ညိုမီခိုင်သန်းလှိုင် ဦးဆောင်ပြီး မန္တလေးမြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပါတယ်။

အဲ့ဒီ အဖွဲ့အစည်းကနေ အသည်းရောဂါ ကုသခြင်းတွေ၊ အသည်းအစားထိုး ကုသပေးခြင်းတွေကို အခမဲ့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာ အသည်းရောဂါ ဖြစ်ပွားမှုနှုန်း ၂ ရာခိုင်းနှုန်းကျော် ရှိနေပြီး မန္တလေးတိုင်းဒေသကြီးမှာတော့ ၇.၆ ရာခိုင်းနှုန်းအထိ ရှိကာ ဆေးကုသရေးစရိတ် ကြီးမြင့်နေတာ ဖြစ်ပါတယ်။

မြန်မာအသည်းဖောင်းဒေးရှင်းကို ဒေါက်တာ ညိုမီခိုင်သန်းလှိုင်က အမေရိကန်ဒေါ်လာ ၁၅၀၀ နဲ့ မတည်ခဲ့တာဖြစ်ပြီး အသင်းရပ်တည်ဖို့အတွက် ရန်ပုံငွေတွေကိုတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ ရယူသွားမှာဖြစ်ပါတယ်။

အသည်းရောဂါ ကာကွယ်ရေး ကုသရေးတွေဟာ တစ်ဦးတယောက်တည်း ပြုလုပ်လို့မရတဲ့အတွက် အခုလို ဖွဲ့စည်းရတာဖြစ်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက် ဆောင်ရွက်သွားဖို့ ရှိနေတာပါ။ လက်ရှိမြန်မာနိုင်ငံမှာ အသည်းရောဂါဆိုင်ရာ ဆေးပညာရှင်များ နည်းပါးနေပြီး အခုဖောင်ဒေးရှင်းက အသည်းဆိုင်ရာ ဆေးပညာရှင်များပေါ်ထွက်လာဖို့ အတွက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)