နေပြည်တော် စည်ပင် ရုံးလုပ်ငန်းမှာ e-Office စနစ် စတင်

0
275

နေပြည်တော် စည်ပင်သာယာရေး ကော်မတီရဲ့ ရုံးလုပ်ငန်း ဆောင်ရွက်မှုမှာ e-Office စနစ် စတင်တဲ့ အခမ်းအနားကို မေလ ၃၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပပါတယ်။

မြန်မာနိုင်ငံမျာ e-Gov စနစ်နဲ့ အစိုးရ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့သူက ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးနေဖူးဗဆွေ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးနေဖူးဗဆွေ စသူတွေ တက်ရောက်ပြီး ဝန်ထမ်းတွေက e-Office စနစ် လက်တွေ့ အသုံးပြုမှုကို သရုပ်ပြ ရှင်းလင်းပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)