လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် စုံစမ်း အရေးယူမယ်

0
322

လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ မေလကုန်ပိုင်းက တင်ထားတဲ့ ၁၇ မိနစ်ကြာ ဗီဒီယိုဖိုင် တစ်ခုမှာ စစ်ဝတ်စုံ ဝတ်ထားသူတွေက အရပ်သား ၄ ဦးကို နှိပ်စက်နေတာတွေ ပါဝင်တဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ မီဒီယာတွေ စုံစမ်း စစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီ ဗီဒီယိုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူဆောင်ရွက်မယ်လို့ အစိုးရက မေလ ၃၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေ ထွက်ပေါ်လာရင် စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ အစိုးရက သန္နိဋ္ဌာန်ချထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)