အမျိုးသားလုံခြုံရေးကို ရှေးရှု၍ တရုတ်က ကမ်းလှမ်းတဲ့ ရေနံဓာတုစက်ရုံ စီမံကိန်းကို ပယ်ချ

0
354

အမျိုးသား နိုင်ငံရေး၊ အမျိုးသား လုံခြုံရေးကို ထည့်သွင့်စဉ်းစားရတဲ့ အတွက် တရုတ်က မင်းဘူး၊ စကုဘက်မှာ ရေနံဓာတု စက်ရုံကြီး တည်ဆောက်လိုတဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ဘူးလို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

ပိုက်ဆံရရှိရေးကိုပဲ ရှေးရှုနေလို့ မဖြစ်ဘူးလို့ ဒေါက်တာ အောင်မိုးညိုက မေလ ၃၀ ရက်နေ့ မနက်က မကွေး မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ တိုင်းအစိုးရအဖွဲ့နဲ့ ကဏ္ဍအသီးသီးက လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

စိုက်ပျိုးဖို့ ဖြစ်ထွန်းတဲ့မြေကို စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် စိုက်ပျိုးလို့ မဖြစ်တဲ့ မကွေးနဲ့ ရေနံချောင်းမြို့ကြားက ကျတ်တီးမြေကို လိုချင်ရင်တော့ လုပ်ကိုင်ခွင့် ပေးနိုင်မယ်လို့လည်း ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းလည်း တက်ရောက်ပြီး စီးပွားရေးသမားတွေက ပေးအပ်တဲ့ စီးပွားရေးဆိုင်ရာ အကြံပြုချက်တွေကို လက်ခံပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)