ဧပြီ ၃၀ ရက်နေ့မှာ မြန်မာလုပ်သား ၂ သောင်းကျော် ထိုင်းကို အလုပ်လုပ်ဖို့ ပြန်ဝင်

0
269

သီတင်းနှစ်ပတ်ကြာ မြန်မာသင်္ကြန်ကာလ ပြီးတဲ့နောက် ဧပြီလ ၃၀ ရက်နေ့ တစ်ရက်တည်းမှာပဲ မြန်မာလုပ်သား ၂ သောင်းကျော် ထိုင်းကို အလုပ်လုပ်ဖို့ ပြန်လည် ဝင်ရောက်လာတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

မြန်မာ အလုပ်သမား အများစုဟာ မဲဆောက် နယ်စပ်ကနေ ပြန်လာကြတာ ဖြစ်ပြီး ပြည် ပြန်လည်ဝင်ခွင့် အခကြေးငွေ ဖြစ်တဲ့ တစ်ဦးလျှင် ဘတ် ၁ ထောင်နှုန်းကိုလည်း ကင်းလွတ်ခွင့် ပေးထားတယ်လို့ မဲဆောက် လူဝင်မှုကြီးကြပ်ရေး ရုံးက အကြီးအကဲ ရဲမှူးကြီး ဆွမ်ချိုင်း ဒတ်ဖေက ပြောပါတယ်။

သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံကို ပြန်သွားတဲ့ အလုပ်သမား စုစုပေါင်း ၁ သိန်းကျော် ရှိပါတယ်။ သင်္ကြန်အပြီး တစ်ရက်ကို မြန်မာလုပ်သား ၈ ထောင်လောက် ထိုင်းကို ပြန်သွားနေကြတာ ဖြစ်ပါတယ်။

မနေ့က ဧပြီ ၃၀ ရက်မှာတော့ တစ်ရက်တည်း ၂ သောင်းကျော် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)