မြန်မာကနေ ခိုးဝင်လာတယ်လို့ ယူဆရသူ ၃၀ ကို သီရိလင်္ကာ ရေတပ် ဖမ်းဆီး

0
343

မြန်မာပြည်က မွတ်စလင်တွေလို့ ယူဆရသူ ၃၀ နဲ့ လူကုန်ကူးလာသူ အိန္ဒိယ ၂ ဦးတို့ကို သီရိလင်္ကာ နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းမှာ သီရိလင်္ကာ ရေတပ်က ဖမ်းဆီးလိုကပါတယ်။

၁၅ ရက်သားနဲ့ ၄ လသား ကလေးငယ်တွေ အပါအဝင် ကလေး ၁၆ ဦးပါဝင်တဲ့ မွတ်စလင် ၃၀ လိုက်ပါလာတဲ့ လှေဟာ သီရိလင်္ကာ ရေပိုင်နက်ထဲမှာ မနေ့က ဧပြီ ၃၀ ရက်နေ့မှာ ဝင်ရောက်လာတာကို ရေတပ်က တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ရေတပ် ပြောခွင့်ရပဂ္ဂိုလ် ချာမင်ဒါ ဝါလာကူလူဂယ်က ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးဖို့ ရဲကို လွှဲပြောင်းပေးထားကြောင်း၊ အဖမ်းခံရသူတွေက မြန်မာပြည်ကနေ အိန္ဒိယကို လွန်ခဲ့တဲ့ ၄ နှစ်က ဒုက္ခသည်အဖြစ် ရောက်နေခဲ့သူတွေဖြစ်တယ်လို့ ပြောကြောင်း ဝါလာကူလူဂယ်က ပြောပါတယ်။

သူတို့ အိန္ဒိယကနေ ဘာကြောင့် ထွက်လာတယ်၊ သီရိလင်္ကာရေပိုင်နက်ကို ဖြတ်ပြီး ဘယ်ကို ဆက်သွားမယ်ဆိုတာ မရှင်းလင်းဘူးလို့လည်း သူက ဆက်ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)