အစိုးရ၊အလုပ်ရှင်၊အလုပ်သမား ညှိနိုင်းပြီး နိုင်ငံဖွံဖြိုးအောင်လုပ်ဆောင်နေဟုဆို

0
251

ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်က အပြည်ပြည်ဆိုင်ရာ ကွန်းဗန်းရှင်းစင်တာ MCC မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကိုအလုပ်သမား၊လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

အဲ့ဒီလိုပြောဆိုရာမှာ တော့ နိုင်ငံတော်အနေနဲ့ လူမူရေးတရားမျှတမူပေါ် အခြေခံပြီးအစိုးရ၊အလုပ်ရှင်၊အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွှက်မှုနဲ့ နိုင်ငံတော်ဖွံဖြိုးတိုးတက်စေဖို့ မူဝါဒတွေချမှတ် အကောင်အထည်ဖော်နေကြောင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါအပြင်ဝန်ကြီးက ဆက်လက်ပြောဆိုခဲ့ရာမှာ အလုပ်သမားအရေးဆောင်ရွှက်တဲ့ နေရာမှာပြည်တွင်း အလုပ်သမားတွေ အရေးတင်မကဘဲပြည်ပ ရောက်ရွှေ့ပြောင်းအလုပ်သမားအရေးတွေ ကိုပါစဉ်းစားပြီး ဥပဒေနဲ့အညီအကျိုးခံစားခွင့်ရအောင် ဆောင်ရွက်နေကြောင်းနဲ့ နိုင်ငံတော်အနေနဲ့ အလုပ်သမားအရေးတွေကို အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးနေကြောင်းပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနား ကိုတော့မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ကြေညာချက်၁၁ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အလုပ်သမား အဖွဲ့အစည်းတွေ ရဲ့ထုတ်ပြန်ချက်တွေထဲမှာတော့ အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို ကာကွယ်ပေးပြီး ဥပဒေအကာအကွယ်တွေကို အပြည့်အ၀ရရှိစေရေးစတဲ့ အချက်တွေကိုတောင်းဆိုထားပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ၁၂၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကိုတော့  မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲအစည်းတွေက နေရာအနှံမှာ ကျင်းပခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)