အလုပ်သမား အဖွဲ့အစည်းတွေ အနေနဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်မထုတ်ဖို့ သမ္မတ ဦးထင်ကျော် ပြော

0
363

အလုပ်သမား အဖွဲ့အစည်း ဥပဒေနဲ့ အညီ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပြီ ဖြစ်ပြီး ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ ဖွဲ့စည်းထားတာ မဟုတ်သလို အထူးသတိပြုကြဖို့ လိုတယ်လို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတ ဦးထင်ကျော်က ထည့်သွင်းပြောဆိုထားတာ ဖြစ်ပါတယ်။

အလုပ်သမား အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုက်အဝန်း၊ ကိုယ့်အဖွဲ့ဝင်တွေရဲ့ အကျိုးစီးပွား ဖော်ဆောင်ပေးဖို့ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဥပဒေ၊ နိုင်ငံခြားသား အလုပ်သမား ဥပဒေတို့ မရှိသေးတဲ့အတွက် အသစ်ပြဌာန်းရေး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)