ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ရန်ပုံငွေဆိုင်ရာ ထောက်ပံ့မှု ပလက်ဖောင်း စတင်

0
359

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ရန်ပုံငွေဆိုင်ရာ ထောက်ပံ့မှု ပလက်ဖောင်း (JMC Support Platform) စတင်တဲ့ အခမ်းအနားကို မနေ့က ဧပြီ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ ကျင်းပပါတယ်။

အခမ်းအနားကို အလှူရှင်တွေ၊ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေ၊ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဒေသန္တရ အဆင့် (JMC-L) တွေကို နေရာ ၁၀ ခုအထိ ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။ JMC အတွက် တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ သန်း ခွင့်ပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)