၇ တန်ရှိ ကျောက်စိမ်းတုံးကို သိန်း ၁၃၀၀ နဲ့ ဈေးညှိနှိုင်းပြီး မြစ်ကြီးနားကို ပို့ဆောင်

0
316

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာအနီး တောက်ပကြယ် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ထဲက ရေမဆေးကျောက် ရှာဖွေသူ ၅ ဦးတို့ တူးဖော်တွေ့ရှိရတဲ့ ၇ တန် အလေးချိန်ရှိ ကျောက်စိမ်းတုံးကို သိန်း ၁၃၀၀ နဲ့ ညှိနှိုင်းဈေးဖြတ်ပြီး မြစ်ကြီးနားကို ပို့ဆောင်လိုက်ပါတယ်။

ဧပြီလ ၂၈ ရက်နေ့မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းပေးချက်အရ ကုမ္ပဏီက ငွေကျပ် သိန်း ၁၃၀၀ ကို ရေးမဆေးကျောက် ရှာဖွေသူ ၅ ဦးနဲ့ လိုက်ပါကူညီသူ ဂျော်ကီ အယောက် ၁ သောင်းတို့ကို ပေးတာဖြစ်ပါတယ်။

ကျောက်စိမ်းတုံးကို တွေ့ရှိသူ ၅ ဦးကို သိန်း ၃၀၀ နဲ့ ဂျော်ကီများကို တစ်ဦးလျှင် ငွေ ၁ သောင်းစီနဲ့ ပြေလည်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)