ငွေစက္ကူအတု ကိုင်ဆောင်တဲ့ ထိုင်းနိုင်ငံသားတစ်ဦး နယ်စပ်မှာ ဖမ်းမိ

0
277

နံပါတ်တူ ကျပ်ငွေစက္ကူ အတု ကိုင်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဇုန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်း ကားနံပါတ် တပ်ထားတဲ့ မော်တော်ယာဉ် တစ်စီးပေါ်ပါ ထိုင်းနိုင်ငံသားရဲ့ လွယ်အိတ်ကို စစ်ဆေးရာမှာ နံပါတ်ဆင်တူ ရိုက်နှိပ်ထားတဲ့ ကျပ် ၅၀၀ တန် အတု ၃၃ ရွက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသားကို သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)