ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နေရာအဖြစ် ထားရှိရေး ဆွေးနွေး

0
168

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) ကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွယ်မယ့် နေရာအဖြစ် ရွေးချယ်ထားရှိရေး ဆွေးနွေးခဲ့ကြပါတယ်။

မတ်လ ၃၁ ရက်နေ့က ဗဟိုဝန်ထမ်း တက္ကသိုလ် တာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက္ကသိုလ် ဧည့်ရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ လိုအပ်ရင် ဗဟိုဝန်ထမ်း တက္ကသိုလ်မှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုခံရသူတွေ၊ ရောဂါပိုး တွေ့ရှိသူတွေ အပါအဝင် ကျန်းမာရေး ဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်ရေး၊ လုံခြုံရေး၊ စွန့်ပစ်ပစ္စည်းနဲ့ အမှိုက်လမ်းကြောင်း အသစ် ဖောက်လုပ်ပြီး အလုံပိတ်ကားတွေနဲ့ သယ်ဆောင် မီးရှို့ဖျက်ဆီးရေးတွေ ဆောင်ရွက်ဖို့ ပြင်ဆင်ထားနိုင်အောင် ဦးဖြိုးမင်းသိန်းက ဆွေးနွေးခဲ့ပါတယ်။

တက္ကသိုလ် တာဝန်ရှိသူတွေကလည်း ပြင်ဆင်ဆောင်ရွက်မယ့် အခြေအနေတွေကို ပြန်လည် ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကျွန်းကလေးရွာ ဓမ္မမာမက သာသနာ့ရိပ်သာ ကျောင်းတိုက် ဆရာတော်ကိုလည်း ဝင်ရောက်ဖူးမြော်ပြီး လိုအပ်ရင် ရိပ်သာမှာ စောင့်ကြပ်ကြည့်ရှုမယ့်သူတွေ ၁၄ ရက်ကြာ ထားဖို့ ခွင့်ပြုပေးရေးလည်း လျှောက်ထားခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)