ဆောက်လုပ်ရေး ကုမ္ပဏီက အခန်းတွေ ပညာရေးဝန်ကြီဌာနကို မအပ်တဲ့အပေါ် သဘောထား ထုတ်ပြန်

0
348

Myanmar Imperial Vega Company Limited မှ ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်ရန်ရှိတဲ့ ဝန်ထမ်းတွေအတွက် အခန်းပေါင်း ၉၅ဝ ကို ပေးအပ်ခြင်း မရှိသေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က သဘောထား ထုတ်ပြန်လိုက်ပါတယ်။

၂ဝဝ၃ ခုနှစ်မှာ မင်းဓမ္မဥယျာဉ်အိမ်ရာ စီမံကိန်း တည်ဆောက်ရေးအတွက် ငွေသဒ္ဒါမိုး ကုမ္ပဏီ၊ နောင်အုပ်စု ကုမ္ပဏီတို့နဲ့အတူ Myanmar Imperial Vega Company Limited ကလည်း လုပ်ငန်းလက်ခံသူအနေဖြင့် ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း၊ Myanmar Imperial Vega Company Limited ကုမ္ပဏီက ဆောက်လုပ်ပြီးစီးတာတွေကို ပညာရေးဝန်ကြီးဌာနထံ အပ်နှံပြီး အခန်းများ ရှိသလို၊ အပ်နှံရန် အချိန်ကျာ်လွန်ပြီး အပ်နှံခြင်းမရှိသေးတဲ့ အခန်းပေါင်း ၉၅ဝ ကျန်ရှိနေသေးကြောင်း၊ အဲဒီ အခန်းပေါင်း ၉၅ဝ ခန်းအစား အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ အခန်းပေါင်း ၁၉ဝဝ ခန်းကို တည်ဆောက်ကာ လဲလှယ်ရယူလိုကြောင်း အဆင်ဆင့်တင်ပြပြီး ဆောင်ရွက်ခွင့်ရနိုင်ဖို့ ကြိုးပမ်းထားကြောင်း သိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို လုပ်ငန်းရှင်တစ်ဦးတည်းအား လုပ်ပိုင်ခွင့်ပေးခြင်းဟာ လက်ဝါးကြီးအုပ် စီးပွားရေးကို အားပေးနိုင်တဲ့အတွက် ခွင့်မပြုသင့်ကြောင်း မိမိတို့ အဖွဲ့ချုပ်မှ လေးနက်စွာ တိုက်တွန်းအကြံပြုကြောင်း၊ မင်းဓမ္မအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများကို တည်ဆဲစာချုပ်ပါ အတိုင်းသာ ဆက်လက်ဆောင်ရွက်ရန် အလေးအနက် တောင်းဆိုကြောင်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပြုပြင်တည်ဆောက်ရေး လုပ်ငန်း လုပ်ပိုင်ခွင့်တွေကို တစ်ဦးတည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ရန်ကြိုးစားမယ့် ဘယ်လုပ်ငန်းကိုမဆို လုံးဝ (လုံးဝ) ကန့်ကွက်ကြောင်းလည်း ဆက်လက် ဖော်ပြထားပါတယ်။

ဓာတ္ပံု – Ko Ko/Facebook

>>>>>>>>>>>>>>>>>

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)