စစ်ဘေးရှောင် ဒေသတွေမှာ COVID-19 ကူးစက်မယ့် အန္တရာယ် လျှော့ချရေး အစိုးရကို HRW တိုက်တွန်း

0
190

မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲခန့် ရှိနေတဲ့ နေရာတွေမှာ COVID-19 ကူးစက်မယ့် အန္တရာယ် လျှော့ချရေးကို အရေးပေါ် စတင်လုပ်ဆောင်သင့်ပြီလို့ မြန်မာအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်ဘေးရှောင် လူဦးရေ ပြည့်ကျပ်တာ၊ မိုဘိုင်း အင်တာနက်တွေ ပိတ်ထားတာ၊ လူသားချင်း စာနာထောက်ထားရေး အဖွဲ့တွေကို ပိတ်ပင်ထားတာ၊ ရွှေ့ပြောင်းမှုတွေကို ကန့်သတ်ထားတားတွေ ရှိနေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားဖို့ အန္တရာယ် များနေတယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်များစွာကြာ ပဋိပက္ခ ဖြစ်နေတာ၊ လျစ်လျူရှုခံထားရတာ၊ အစိုးရက တင်းကျပ်တဲ့ မူဝါဒတွေ ချထားတာ၊ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ သိန်းချီ ရှိနေတာဟာ ပြည်သူ့ကျန်းမာရေးကို ဒုက္ခပေးမယ့် လမ်းကြောင်းပေါ် ရောက်နေတာ ဖြစ်တယ်လို့ HRW ရဲ့ အာရှ ဒါရိုက်တာ ဘရက်ဒ် အဒမ်က ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)