မင်္ဂလာတောင်ညွန့်မြို့နယ် စျေးဝယ်စင်တာတွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဆိုင်တွေသာ ဖွင့်ခွင့်ပေးဦးမယ်

0
152

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စျေးဝယ်စင်တာကြီးတွေအတွင်း အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးတွေ ရောင်းချတဲ့ဆိုင်တွေကလွဲပြီး တခြားဆိုင်တွေကို ယာယီ ပိတ်သိမ်းသွားဖို့ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြုလုပ်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ် ကုသနိုင်ရေးအတွက် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စျေးဝယ်စင်တာကြီးတွေ အတွင်း အခြေခံစားသောက်ကုန် ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကုန်ခြောက်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကလွဲပြီး တခြား လူသုံးကုန် ပစ္စည်းတွေ၊ အများပြည်သူအတွက် အရေးကြီး လိုအပ်ခြင်း မရှိတဲ့ ကုန်ပစ္စည်းတွေကို လက်လီ/လက်ကား ရောင်းချခြင်းတွေကို မတ်လ ၃၁ ရက်နေ့ကစပြီး ဧပြီလ ၉ ရက် အထိ ယာယီပိတ်သိမ်းဖို့နဲ့ လိုအပ်ပါက ပိတ်သိမ်းကာလကို ထပ်မံတိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စျေးဝယ်စင်တာကြီးတွေကတော့ မင်္ဂလာမွန်စျေး၊ မင်္ဂလာစျေး၊ ယုဇနပလာဇာ၊ ရွှေမင်္ဂလာစျေးနဲ့ ရွှေပြည့်စုံစျေးတို့ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>

မင်္ဂလာတောင်ညွန့်မြို့နယ် ဈေးဝယ်စင်တာတွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဆိုင်တွေသာ ဖွင့်ခွင့်ပေးမယ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဈေးဝယ်စင်တာကြီးတွေအတွင်း အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးတွေ ရောင်းချတဲ့ဆိုင်တွေကလွဲပြီး တခြားဆိုင်တွေကို ယာယီ ပိတ်သိမ်းသွားဖို့ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြုလုပ်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ် ကုသနိုင်ရေးအတွက် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဈေးဝယ်စင်တာကြီးတွေ အတွင်း အခြေခံစားသောက်ကုန် ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကုန်ခြောက်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကလွဲပြီး တခြား လူသုံးကုန် ပစ္စည်းတွေ၊ အများပြည်သူအတွက် အရေးကြီး လိုအပ်ခြင်း မရှိတဲ့ ကုန်ပစ္စည်းတွေကို လက်လီ/လက်ကား ရောင်းချခြင်းတွေကို မတ်လ ၃၁ ရက်နေ့ကစပြီး ဧပြီလ ၉ ရက် အထိ ယာယီပိတ်သိမ်းဖို့နဲ့ လိုအပ်ပါက ပိတ်သိမ်းကာလကို ထပ်မံတိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဈေးဝယ်စင်တာကြီးတွေကတော့ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေး၊ ယုဇနပလာဇာ၊ ရွှေမင်္ဂလာဈေးနဲ့ ရွှေပြည့်စုံဈေးတို့ ဖြစ်ပါတယ်။  

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)