မူးယစ္ေဆးသယ္တဲ့ ဘဂၤါလီ အမ်ိဳးသမီး ပစ္သတ္ခံရ

0
523

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မွာ မက္သာဖက္တမင္း မူးယစ္ေဆးျပား သယ္ေဆာင္လာတဲ့ ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ အမ်ိဳးသမီးကို ဘဂၤလားေဒ့ရွ္ လံုၿခံဳေရးတပ္ဖြဲ႔ေတြက ပစ္သတ္လိုက္ပါတယ္။

မတ္လ ၃၁ ရက္ေန႔က ပစ္သတ္ခံလိုက္ရတဲ့ ႐ူမာနာ အက္တာ (၂၀ ႏွစ္) ဟာ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြရဲ႕ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈ ႏွိမ္နင္းေရးမွာ ပထမဆံုး ေသဆံုးတဲ့ ဘဂၤါလီ အမ်ိဳးသမီး ျဖစ္တယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ဒုကၡသည္စခန္းေတြ အနီးရွိ တကၠနတ္ဖ္မွာ မေန႔က မူးယစ္ေဆး သယ္ေဆာင္လို႔ ပစ္သတ္ခံရသူ သံုးဦးအနက္ အက္တာလည္း တစ္ဦးအပါအဝင္ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္မွာ မႏွစ္က ေမလက စတင္တဲ့ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးမွာ ေသဆံုးသူ ၃၀၀ ေက်ာ္ ရွိၿပီး အဲဒီထဲက ၂၀ ဦးက ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ေတြ ျဖစ္ပါတယ္။ မူးယစ္ဂိုဏ္းေခါင္းေဆာင္ေတြဟာ မူးယစ္ေဆးဝါးေတြ သယ္ယူဖို႔အတြက္ ဘဂၤါလီ ဒုကၡသည္ေတြကို အသံုးခ်ေလ့ရွိပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မူးယစ်ဆေးသယ်တဲ့ ဘင်္ဂါလီ အမျိုးသမီး ပစ်သတ်ခံရ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မက်သာဖက်တမင်း မူးယစ်ဆေးပြား သယ်ဆောင်လာတဲ့ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် အမျိုးသမီးကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေက ပစ်သတ်လိုက်ပါတယ်။

မတ်လ ၃၁ ရက်နေ့က ပစ်သတ်ခံလိုက်ရတဲ့ ရူမာနာ အက်တာ (၂၀ နှစ်) ဟာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှု နှိမ်နင်းရေးမှာ ပထမဆုံး သေဆုံးတဲ့ ဘင်္ဂါလီ အမျိုးသမီး ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒုက္ခသည်စခန်းတွေ အနီးရှိ တက္ကနတ်ဖ်မှာ မနေ့က မူးယစ်ဆေး သယ်ဆောင်လို့ ပစ်သတ်ခံရသူ သုံးဦးအနက် အက်တာလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ မနှစ်က မေလက စတင်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ သေဆုံးသူ ၃၀ဝ ကျော် ရှိပြီး အဲဒီထဲက ၂၀ ဦးက ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေ ဖြစ်ပါတယ်။ မူးယစ်ဂိုဏ်းခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါးတွေ သယ်ယူဖို့အတွက် ဘင်္ဂါလီ ဒုက္ခသည်တွေကို အသုံးချလေ့ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)