NCA မှာ အဖွဲ့ ငါးဖွဲ့ လက်မှတ်ရေးမယ်ဆိုတာ မူအားဖြင့် သဘောတူတာလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ရှင်းလင်း

0
362

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဝင် အဖွဲ့ ငါးဖွဲ့က လက်မှတ်ထိုးမယ်ဆိုတာ မူအားဖြင့် သဘောတူတာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဆိုပါတယ်။

NCA ကို လက်မှတ်ထိုးမယ့် ကိစ္စမှာ မူအားဖြင့် သဘောတူထားပေမယ့် ဆွေးနွေးဖို့ အဆင့် နှစ်ဆင့် ကျန်သေးလို့ အပြင်ကို ထုတ်မပြောတာ ဖြစ်နိုင်ပါတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြန်မာတိုင်းမ်နဲ့ အင်တာဗျူးမှာ ရှင်းလင်း ပြောဆိုပါတယ်။

NCA လက်မှတ်ရေးထိုးဖို့ သဘောတူတယ်ဆိုတဲ့ အဖွဲ့တွေကတော့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ဖြစ်ကြပါတယ်။

NCA ကို အဖွဲ့ ငါးဖွဲ့က လက်မှတ်ထိုးတော့မယ်လို့ အစိုးရက ထုတ်ပြန်ပေမယ့် ဆုံးဖြတ်ချက် အတည် မပြုရသေးဘူးလို့ ငြင်းဆိုမှုတချို့ ပေါ်ထွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)