NCA လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စအပေါ် အငြင်းဆိုမှုတွေ ထွက်ပေါ်လာ

0
294

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဝင် အဖွဲ့ ငါးဖွဲ့က လက်မှတ်ထိုးတော့မယ်လို့ အစိုးရက ထုတ်ပြန်ပေမယ့် ဆုံးဖြတ်ချက် အတည်မပြုရသေးဘူးလို့ ငြင်းဆိုမှုတချို့ ပေါ်ထွက်နေပါတယ်။

NCA လက်မှတ်ရေးထိုးဖို့ သဘောတူတယ်ဆိုတဲ့ အဖွဲ့တွေကတော့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ဖြစ်ကြပါတယ်။

ဒါပေမယ့် မွန်ပြည်သစ် ပါတီက ဧပြီလကုန် ဗဟိုကော်မတီ အစည်းအဝေးကျမှ ဆွေးနွေး အတည်ပြုမှာလို့ ပြောသလို UNFC အဖွဲ့ဝင် တချို့ကလည်း စာချုပ်ကို ပြင်ဆင်ပြီး အာမခံချက်ရှိမှ ထိုးမယ်လို့ မီဒီယာတွေကို ပြောဆိုထားပါတယ်။

UNFC က တင်ပြထားတဲ့ အသေးစိတ် ဆွေးနွေးလိုတဲ့ အချက်ကိုးချက် ရှိနေပါတယ်။ NMSP နဲ့ KNPP က NCA လမ်းကြောင်းကို လိုက်မယ်လို့ ဆုံးဖြတ်ထားချက်တော့ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)