ရွေးကောက်ပွဲ ရလဒ်တွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်မယ်

0
351

ဒီနေ့ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို အများပြည်သူ သိရှိနိုင်ဖို့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်မှာ
ဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် လစ်လပ် မဲဆန္ဒနယ် ၁၉ နယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ Result Center မှာ ဒီနေ့ ညနေပိုင်းက စတင်ပြီး ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

အဲဒီ ထုတ်ပြန်ကြေညာမှုကို တစ်နိုင်ငံလုံးက သိရှိစေဖို့ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံတို့က အချိန်နဲ့ တပြေးညီ တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)