NLD အစိုးရ ပြည်သူလူထု စားဝတ်နေရေးအခြေအနေ တိုးတက်အောင် မဆောင်ရွက်ကြောင်းဝန်ခံ

0
344

NLD အစိုးရလက်ထက် ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေအနေ တိုးတက်မှုမရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ၀န်ခံကြောင်းပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

မတ်လ ၃၁ ရက်နေ့ ညပိုင်း နိုင်ငံပိုင်ရုပ်သံလိုင်း MRTV က ထုတ်လွှင့်တဲ့ အစိုးရအဖွဲ့ရဲ့ ပထမတစ်နှစ်တာ ဆောင်ရွက်ချက်တွေအပေါ် သုံးသပ်ချက်များအစီအစဉ်မှာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က အဲ့ဒီလို ထုတ်ဖော်ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေအနေ တိုးတက်မှုရှိဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့ NLD အစိုးရအနေနဲ့ ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ပြောကြားရာမှာတော့ ပြည်သူလူထုစားဝတ်နေရေး အခြေအနေ တိုးတက်စေဖို့ ဘယ်လို နည်းလမ်းတွေကို အသုံးပြုပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဘယ်လို ဖန်တီးပေးမယ်ဆိုတာမျိုးတွေကိုတော့ ထည့်သွင်းပြောကြားသွားတာမျိုး မရှိခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)