နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး သတင်းစာမှာဖော်ပြယုံနှင့် မပြီး

0
464

 

နိုင်ငံပိုင်သတင်းစာမှာ “အစိုးရသစ်နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး” ကို အယ်ဒီတာ့ အာဘော် အနေနဲ့ ရေးသားလာတာထက် နိုင်ငံရေးအကျဉ်းသားတွေ အမှန်တကယ်လွတ်မြောက်လာဖို့ လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း စည်သူမောင်က ပြောကြားလိုက်ပါတယ်။

၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်တဲ့ စည်သူမောင်က MCN သတင်းဌာနရဲ့ သီးသန့်ဆက်သွယ်မေးမြန်းမှုကို ဖြေကြားစဉ်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီလိုပြောကြားတဲ့နေရာမှာတော့ လက်ရှိအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမှန်တကယ် လွတ်မြောက်လာဖို့လိုပြီး နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့်တွေ ပြည့်ပြည့်၀၀ ရရှိလာအောင် အစိုးရသစ်အနေနဲ့ ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)