နိုင်ငံတော် သမ္မတဖြစ်လာတဲ့ ဦးထင်ကျော်ကို အိုဘားမားကချီးကျူဂုဏ်ပြု

0
296

နိုင်ငံတော် သမ္မတဖြစ်လာတဲ့ ဦးထင်ကျော်ကို အိုဘားမားကချီးကျူဂုဏ်ပြုလိုက်ပြီး စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ မတ်လ (၃၀)ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဦးထင်ကျော်အနေနဲ့ နိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူလိုက်တာဟာ အရပ်သား ဦးဆောင်တဲ့ အစိုးရထံကို အသွင်ကူးပြောင်းတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်မှတ်တိုင်တစ်ရပ်အဖြစ် ကိုယ်စားပြုတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။မြန်မာ့သမိုင်းမှာ အံ့ဩဘနန်းဖြစ်ရတဲ့ ဒီအခိုက်အတန့်ဟာ မြန်မာပြည်သူတွေ၊ အင်စတီကျူးရှင်းတွေနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုသက်သေပင်ဖြစ်ပြီး ၂၀၁၁ ခုနှစ် ကတည်းက စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေရဲ့ သိသာထင်ရှားမှုကို ဖော်ညွှန်းလျက် ရှိတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေ့ခရီးဆက်ရာမှာ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တိုးတက်ဖော်ဆောင်ဖို့၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးနှင့်လွတ်လပ်မှုအတွက် တိုးမြှင့်ဆောင်ရွက်ခြင်းအပါအဝင် သိသာထင်ရှားသည့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း ဖော်ပြထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပိုမိုပြီး အားလုံးပါဝင်တဲု့ ငြိမ်းချမ်းသော၊ စည်ပင်ဝပြောသော အနာဂတ်ကို တိုးတက်ဖော်ဆောင်သွားမှာဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရသစ်နဲ့ မြန်မာနိုင်ငံသားတွေအတွက် မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားဖို့ မျှော်လင့်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၃၁) ရက် ကြာသပတေးနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)