နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဦးအောင်ကြည်ညွန့်က တင်သွင်း

0
333

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ပေးမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ပါတယ်။ (ဦးအောင်ကြည်ညွန့်ရဲ့အဆိုကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ကျိန်ငိုက်မန်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ဒီလို ဆောင်ရွက်တာဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ (၂၁၇)နဲ့ အညီ လုပ်ဆောင်တာဖြစ်တယ်လို့ ဥပဒေကြမ်း တင်သွင်းရာမှာ ပြောဆိုသွားပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ ထောက်ခံမှုနဲ့ ဒီဥပဒေကြမ်းကို တင်သွင်းထားတာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားဖို့၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စေဖို့၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး-ဖွံ့ဖြိုးရေးတွေအတွက် ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်ဖို့ ဒီဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ ဒီဥပဒေကြမ်းအရ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့သက်တမ်းဟာ သမ္မတရဲ့သက်တမ်းနဲ့ အတူတူပဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်ခိုင်သန်းက ဒီဥပဒေကြမ်းကို လက်ခံဆွေးနွေးသင့်/မသင့် အဆုံးအဖြတ်ရယူခဲ့ရာ ဆက်ဆွေးနွေးဖို့ အတည်ပြုခဲ့ပြီး ဥပဒေကြမ်းကော်မတီကို လွှဲအပ်ကြောင်း ကြေညာခဲ့ပါတယ်။ လွှတ်တော်အနေနဲ့ ဒီဥပဒေကြမ်းကို စောလျင်စွာလုပ်ဆောင်ဖို့လိုတာမို့ ဧပြီ ၁ရက်နေ့မှာ ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။)

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၃၁) ရက် ကြာသပတေးနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)