ျမန္မာ့ရုိးရာ သနပ္ခါးလိမ္းပြဲက်င္းပ (႐ုပ္/သံ)

0
916

ျမန္မာမိန္းကေလးေတြရဲ့ သနပ္ခါးလိမ္းတဲ့ယဥ္ေက်းမႈဓေလ့ မေပ်ာက္ကြယ္ေစဖို႔အတြက္ ျမန္မာ့သနပ္ခါးလိမ္းပြဲကို ရန္ကုန္ျမိဳ႕မွာ က်င္းပခဲ႔ပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ျမန္မာအမ်ိဳးသမီးေတြရဲ့ သနပ္ခါးလိမ္းတဲ့ ဓေလ့ ျပန္လည္ရွင္သန္ေစဖို႔နဲ႔ ဒီယဥ္ေက်းမႈဓေလ့ေတြကို ကမာၻက သိေစဖို႔အတြက္ သနပ္ခါးလိမ္းပြဲေတ္ာနဲ႔ သနပ္ခါးအလွမယ္ ေရြးခ်ယ္ပြဲကို မတ္လ၁ရက္ေန႕က ရန္ကုန္ျမိဳ႕ ပန္းဆိုးတန္း ပန္းခ်ီျပခန္းမွာက်င္းပခဲ့ပါတယ္ ။

Soundbites-ကိုေအာင္စိုးမင္း (သနပ္ခါးပြဲေတာ္စီစဥ္သူ)

ဒီပြဲကိုစိတ္၀င္စားတဲ႔ သူအေယာက္သံုးဆယ္ေလာက္ လာေရာက္ယွဥ္ျပိဳင္ခဲ႔ၾကျပီး ျမန္မာ့သနပ္ခါးလိမ္းပြဲမွာ ပါ၀င္ယွဥ္ျပိဳင္တဲ့ ျမန္မာမိန္းကေလးေတြထဲက သနပ္ခါး အလွမယ္ေတြကို ဆုခ်ီးျမွင့္ေပးခဲ႔ပါတယ္ ။ဒါအျပင္ အခုလို သနခါးနဲ႔ပါတ္သက္တဲ႔ ပြဲေတြကို အျခားေနရာေတြမွာလည္း က်င္းပသြားဖို႔ရွိေနပါတယ္။

Soundbites-ကိုေအာင္စိုးမင္း (သနပ္ခါးပြဲေတာ္စီစဥ္သူ)

အခုက်င္းပတဲ့ သနပ္ခါး လိမ္းပြဲေတာ္ဟာ ဒုတိယ အၾကိမ္ေျမာက္ က်င္းပတာ ျဖစ္ျပီး ျပိဳင္ပြဲေတြကို တစ္လတစ္ခါ က်င္းပသြားမွာျဖစ္ပါတယ္ ။ဒါ့အျပင္ ျပိဳင္ပြဲေတြကို ဆက္လက္က်င္းပသြားမွာျဖစ္ျပီး ျပိဳင္ပြဲေတြမွာ ဆုရရွိသြားတဲ့ သနပ္ခါးအလွမယ္ေတြရဲ႕ပံုေတြနဲ႔ ျပကၡဒိန္ထုတ္သြားဖို႔ရွိေနတာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာမိန်းကလေးတွေရဲ့ သနပ်ခါးလိမ်းတဲ့ယဉ်ကျေးမှုဓလေ့ မပျောက်ကွယ်စေဖို့အတွက် မြန်မာ့သနပ်ခါးလိမ်းပွဲကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

မြန်မာအမျိုးသမီးတွေရဲ့ သနပ်ခါးလိမ်းတဲ့ ဓလေ့ ပြန်လည်ရှင်သန်စေဖို့နဲ့ ဒီယဉ်ကျေးမှုဓလေ့တွေကို ကမ္ဘာက သိစေဖို့အတွက် သနပ်ခါးလိမ်းပွဲတော်နဲ့ သနပ်ခါးအလှမယ် ရွေးချယ်ပွဲကို မတ်လ၁ရက်နေ့က ရန်ကုန်မြို့ ပန်းဆိုးတန်း ပန်းချီပြခန်းမှာကျင်းပခဲ့ပါတယ် ။

Soundbites-ကိုအောင်စိုးမင်း (သနပ်ခါးပွဲတော်စီစဉ်သူ)

ဒီပွဲကိုစိတ်ဝင်စားတဲ့ သူအယောက်သုံးဆယ်လောက် လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့သနပ်ခါးလိမ်းပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ မြန်မာမိန်းကလေးတွေထဲက သနပ်ခါး အလှမယ်တွေကို ဆုချီးမြှင့်ပေးခဲ့ပါတယ် ။ဒါအပြင် အခုလို သနခါးနဲ့ပါတ်သက်တဲ့ ပွဲတွေကို အခြားနေရာတွေမှာလည်း ကျင်းပသွားဖို့ရှိနေပါတယ်။

Soundbites-ကိုအောင်စိုးမင်း (သနပ်ခါးပွဲတော်စီစဉ်သူ)

အခုကျင်းပတဲ့ သနပ်ခါး လိမ်းပွဲတော်ဟာ ဒုတိယ အကြိမ်မြောက် ကျင်းပတာ ဖြစ်ပြီး ပြိုင်ပွဲတွေကို တစ်လတစ်ခါ ကျင်းပသွားမှာဖြစ်ပါတယ် ။ဒါ့အပြင် ပြိုင်ပွဲတွေကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲတွေမှာ ဆုရရှိသွားတဲ့ သနပ်ခါးအလှမယ်တွေရဲ့ပုံတွေနဲ့ ပြက္ခဒိန်ထုတ်သွားဖို့ရှိနေတာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)