ၿဗိတိသွ် သံအမတ္သစ္ ေမလမွာ စတင္ တာဝန္ယူမယ္

0
877

အသစ္ခန္႔အပ္မယ့္ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိသွ် သံအမတ္ မစၥတာ ဒန္ ခ်ပ္ဂ္ဟာ လာမယ့္ ေမလမွာ စတင္ တာဝန္ထမ္းေဆာင္မယ္လို႔ ၿဗိတိန္ အစိုးရက ေၾကညာလိုက္ပါတယ္။

မစၥတာ ဒန္ ခ်ပ္ဂ္ဟာ လက္ရွိ သံမတ္ႀကီး အင္ဒ႐ူး ပက္ထရစ္ ေနရာကို ဆက္ခံမွာ ျဖစ္ပါတယ္။ မစၥတာ ဒန္နီယယ္ ပက္ထရစ္ ဘရင္ဒန္ ကလပ္ဂ္ဟာ ၁၉၉၈ ခုႏွစ္မွာ ၿဗိတိန္ႏိုင္ငံျခားေရးနဲ႔ ဓနသဟာယေရးရာ႐ံုးကို စတင္ ဝင္ေရာက္ခဲ့ပါတယ္။ ေဟာင္ေကာင္ရွိ ၿဗိတိသွ် ေကာင္စစ္ဝန္႐ံုး၊ နယူးေဒလီနဲ႔ ေဘဂ်င္းရွိ ၿဗိတိန္သံ႐ံုးတို႔မွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးပါတယ္။

သူဟာ လက္ရွိမွာ ၿဗိတိန္ႏိုင္ငံျခားေရးနဲ႔ ဓနသဟာယေရးရာ႐ံုးမွာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဆိုင္ရာ ဆက္သြယ္ေရးဌာန အႀကီးအကဲအျဖစ္ တာဝန္ ထမ္းေဆာင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိသျှ သံအမတ်သစ် မေလမှာ စတင် တာဝန်ယူမယ်

အသစ်ခန့်အပ်မယ့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ် မစ္စတာ ဒန် ချပ်ဂ်ဟာ လာမယ့် မေလမှာ စတင် တာဝန်ထမ်းဆောင်မယ်လို့ ဗြိတိန် အစိုးရက ကြေညာလိုက်ပါတယ်။

မစ္စတာ ဒန် ချပ်ဂ်ဟာ လက်ရှိ သံမတ်ကြီး အင်ဒရူး ပက်ထရစ် နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။ မစ္စတာ ဒန်နီယယ် ပက်ထရစ် ဘရင်ဒန် ကလပ်ဂ်ဟာ ၁၉၉၈ ခုနှစ်မှာ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာရုံးကို စတင် ဝင်ရောက်ခဲ့ပါတယ်။ ဟောင်ကောင်ရှိ ဗြိတိသျှ ကောင်စစ်ဝန်ရုံး၊ နယူးဒေလီနဲ့ ဘေဂျင်းရှိ ဗြိတိန်သံရုံးတို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

သူဟာ လက်ရှိမှာ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ရေးဌာန အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)